“မဲပေးရန်ညအိပ်စောင့်ဆိုင်းခြင်းများကို စင်ကာပူရဲတပ်ဖွဲ့ခွင့်မပြုတော့”
စင်ကာပူရောက်မြန်မာများ ကြိုတင်မဲပေးရာတွင်အဆင်ပြေစေရေးအတွက် သုံးရက်ထပ်မံတိုးမြှင့်ပေးလိုက်ပြီး မဲပေးရန်အတွက် ညအိပ်စောင့်သူများအား စင်ကာပူရဲတပ်ဖွဲ့က ခွင့်ပြုမည် မဟုတ်ဟု မြန်မာသံရုံးထံ လာရောက်ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။
မဲပေးရမည့်လေးရက်မြောက်နေ့(အောက်တိုဘာ ၁၈ရက်)အတွက် မဲပေးခွင့်ရမည့် လူဦးရေ ၃၀၀၀ ကို ကြိုတင်နံပတ်များ ထုတ်ပေး၍ ပြန်ခိုင်းလိုက်ကြောင်း မြန်မာသံရုံးအနီးတွင်စေတနာဝန်ထမ်းအဖြစ် လုပ်ကိုင်ပေးနေသူတစ်ဦး ဖြစ်သူ ကိုလင်းအောင်က ပြောသည်။
အောက်တိုဘာ၁၈ရက်နေ့အတွက် မဲပေးရမည့်သူများသည် သံရုံးရှေ့၌ ညအိပ်စောင့်စရာမလိုဘဲ ယနေ့ကတည်းက ကြိုတင်နံပတ်များ ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။
"အခုပဲ သံရုံးက တာဝန်ရှိတဲ့သူက ထွက်ပြောပါတယ်။ဒီနေ့အတွက် လူဦးရေ သုံးထောင် မဲပေး နံပတ်တွေထုတ်ပေးထားတယ်။မနက်ဖန်အတွက် မဲပေးဖို့ ဒီနေ့ ၃၀၀၀ ထုတ်ပေးလိုက်တယ်။စင်ကာပူရဲက လူတွေအရမ်းမျာနေတာ မလိုချင်ဘူးပေါ့။ရက်ကိုလည်း သုံးရက်တိုးပေးလိုက်တယ်။ညအိပ်ပြီး စောင့်ကို မရဘူးလို့ ပြောပါတယ်။ဒီနေ့ည ၈နာရီခွဲမှာ ကြိုတင်နံပတ်တွေတစ်ခါ ထုတ်ပေးမယ်။ပြီးရင်တော့ ပြန်တော့ပေါ့"ဟု ကိုလင်းအောင်က ပြောသည်။
credit to 7Day
Subscribe by Email
Follow Updates Articles from This Blog via Email
No Comments