Get Adobe Flash player
Showing posts with label Android. Show all posts

Tuesday, October 27, 2015

thumbnail

စမတ်ဖုန်း ကင်မရာကနေ ဓါတ်ပုံကောင်းများ ရိုက်ကူးနိုင်မယ့် နည်းလမ်းများ

6

စမတ်ဖုန်းတွေရဲ့ ကျေးဇူးကြောင့်ပဲ လူတိုင်းလိုလိုဟာ ကင်မရာတွေ သီးခြား ၀ယ်ယူစရာ မလိုတော့ဘဲ ဓါတ်ပုံများ ရိုက်ကူးနိုင်ပါပြီ။ စမတ်ဖုန်းတွေရဲ့ ကင်မရာတွေဟာ တစ်ဖြည်းဖြည်း ကောင်းမွန်လာနေပါတယ်။ သင့်ဖုန်းရဲ့ ကင်မရာ အရည်အသွေး သာမကဘဲ နည်းလမ်းတွေကလည်း ဓါတ်ပုံကောင်းတွေ ရရှိဖို့ အရေးကြီးပါတယ်။
Focus
ဓါတ်ပုံ တစ်ပုံ ရိုက်ကူးတော့မယ်ဆိုရင် ကင်မရာက Focus ပြုလုပ်ပါလိမ့်မယ်။ သင်ရိုက်ကူးချင်တဲ့ အရာဝတ္ထု သို့မဟုတ် လူတွေကို Focus မလုပ်ပေးထားဘူးဆိုရင် သင့်ဖုန်းရဲ့ တည်နေရာကို ချိန်ညှိပါ။ ဒါမှမဟုတ် နောက်ဆုတ်ပါ။ သင် ရိုက်ကူးချင်တဲ့ လူ သို့မဟုတ် အရာဝတ္ထုကို ဖုန်းမျက်နှာပြင်ပေါ်မှာ တို့ထိပြီးလည်း Focus လုပ်နိုင်ပါတယ်။ ဓါတ်ပုံတစ်ပုံ မရိုက်ခင်မှာ ဖုန်းမျက်နှာပြင်ကို တစ်ချက်ကြည့်ပြီး Focus လုပ်ထားတာ မှန်ကန်လားဆိုတာ စစ်ဆေးပါ။

1

Digital Zoom မပြုလုပ်ပါနဲ့
စမတ်ဖုန်းတွေရဲ့ ကင်မရာဟာ Point-and-Shoot ကင်မရာတွေနဲ့ မတူညီပါဘူး။ Point-and-Shoot ကင်မရာတွေမှာ Zoom လုပ်တဲ့အခါမှာ ပုံရိပ်ကို အကြီးချဲ့ဖို့အတွက် ရွှေ့လျားနိုင်တဲ့ Optical Zoom တွေပါရှိပါတယ်။
စမတ်ဖုန်းတွေရဲ့ ကင်မရာတွေမှာတော့ လက်နှစ်ချောင်းကို ပူးကပ်၊ ဖုန်းမျက်နှာပြင်ပေါ်မှာ တို့ထိထားပြီး ဆန့်ကားလိုက်ခြင်းဖြင့် Zoom လုပ်နိုင်ပါတယ်။ ဒါကို Digital Zoom လုပ်တယ်လို့ ခေါ်ပါတယ်။ Digital Zoom လုပ်တယ်ဆိုတာ ပုံကို Crop လုပ်လိုက်တာ ဖြစ်ပါတယ်။ Digital Zoom လုပ်ရင် ဓါတ်ပုံ အရည်အသွေး ညံ့ဖျင်းမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Digital Zoom မလုပ်ဘဲ ဖုန်းကို ရှေ့နားတိုးပြီး ရိုက်သင့်ပါတယ်။ ဒါမှမဟုတ် ဓါတ်ပုံရိုက်ပြီးမှ ပုံကို Crop လုပ်သင့်ပါတယ်။

2

Flash ကို ကျင်လည်စွာ အသုံးပြုပါ။
စမတ်ဖုန်းတွေမှာပါတဲ့ Flash ကိုဖွင့်ပြီး ဓါတ်ပုံရိုက်ရင် သဘာဝကျတဲ့ ဓါတ်ပုံကောင်းတစ်ခု ထွက်မလာဘဲ စူးရှတဲ့ အလင်းတန်းတွေ ပါတဲ့ ဓါတ်ပုံတစ်ပုံသာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ပတ်ဝန်းကျင်မှ အလင်းရောင်နဲ့သာ ဓါတ်ပုံရိုက်ကူးတာက ပိုမိုကောင်းမွန်ပါတယ်။ အလင်းရောင် အလွန်နည်းပါးတဲ့ နေရာမှာ မဖြစ်မနေ ဓါတ်ပုံရိုက်ရမယ်ဆိုရင်တော့ Flash ကို ဖွင့်ထားပြီး တစ်ခါနဲ့ ပိတ်ထားပြီး တစ်ခါ ဓါတ်ပုံရိုက်ကူးပါ။ အဲဒီဓါတ်ပုံနှစ်ခုထဲမှာမှ ပိုမိုကောင်းတဲ့ တစ်ခုကို နောက်ပိုင်းမှ ရွေးချယ်နိုင်ပါတယ်။
နောက်ထပ် နည်းတစ်ခုက တစ်သျှူးလို အဖြူရောင်အလွှာတစ်ထပ်နဲ့ Flash ကို ဖုံးအုပ်ရိုက်ကူးမယ်ဆိုရင် သင့်တင့်တဲ့ အလင်းရောင်နဲ့ ဓါတ်ပုံကောင်းတစ်ခု ရနိုင်ပါတယ်။

3

Resolution ကို စစ်ဆေးပါ။ 
Camera App အများစုမှာ Resolution တွေကို ရွေးချယ်နိုင်ပါတယ်။ Resolution နိမ့်ကျတာကို ရွေးချယ်ရင်တော့ Messenger တွေကနေ လျှင်မြန်စွာ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အမြဲတစေ သိမ်းထားမယ့် ဓါတ်ပုံကောင်းလေးတစ်ခုကို လိုချင်ရင်တော့ Resolution မြင့်မားတာကိုရွေးချယ်ပါ။

4

အနောက်ဘက် ကင်မရာကို အသုံးပြုပါ။ 
စမတ်ဖုန်းတွေရဲ့ အရှေ့ဘက်မှာ ကင်မရာတွေကို တပ်ဆင်ထားတဲ့အတွက် အခြားလူတစ်ယောက်ရဲ့ အကူအညီမလိုဘဲ မိမိကိုယ်တိုင် ဓါတ်ပုံရိုက်ကူးနိုင်တဲ့ အားသာချက်ရှိပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ထုတ်လုပ်သူတွေက အရည်အသွေး ပိုမိုမြင့်မားတဲ့ ကင်မရာကို ဖုန်းရဲ့ အနောက်ဘက်မှာ တပ်ဆင်ပေးလေ့ရှိပါတယ်။ အဲဒီအတွက် ဓါတ်ပုံကောင်းကောင်းလိုချင်ရင် အနောက်ဘက်ကင်မရာကို အသုံးပြုသင့်ပါတယ်။
နောက်ထပ် မှတ်သားစရာတစ်ခုက တက်ဘလက်တွေဟာ ဓါတ်ပုံရိုက်ကူးဖို့အတွက် အဆင်မပြေတဲ့အတွက် ထုတ်လုပ်သူတွေဟာ တက်ဘလက်တွေမှာ အရည်အသွေးနိမ့်တဲ့ ကင်မရာကိုသာ တပ်ဆင်ပေးလေ့ရှိပါတယ်။ အဲဒီအတွက် တက်ဘလက်နဲ့ ဓါတ်ပုံရိုက်မယ့် အစား ဖုန်းကို အသုံးပြုပါ။

5

Lens ကို သန့်ရှင်းပါ။ 
စမတ်ဖုန်းဟာ လူတွေသွားလေရာ ယူဆောင်သွားရတဲ့ ကိရိယာ ဖြစ်တာကြောင့် Lens မှာ ဖုန်များ ကပ်ညိနေတတ်ပါတယ်။ Lens ဟာ ညစ်ပေနေရင်တော့ ဒီဆောင်းပါးမှ အခြား နည်းလမ်းတွေကို လိုက်နာရင်တောင် ဓါတ်ပုံကောင်းတစ်ခု ထွက်လာမှာ မဟုတ်ပါဘူး။

6

စမတ်ဖုန်း ကင်မရာတွေဟာ ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာတွေ အသုံးပြုတဲ့ ကင်မရာတွေလောက် မကောင်းပေမယ့် အထက်ဖော်ပြပါ နည်းလမ်းတွေကို အသုံးချမယ်ဆိုရင်တော့ ဓါတ်ပုံကောင်းကောင်းလေးတွေ ထွက်ရှိနိုင်ပါတယ်။

Thursday, October 15, 2015

thumbnail

Ram ဘာလဲ Rom ဘာလဲ

မင်္ဂလာပါခင်ဗျာ
အားလုံးဗဟုသုတရရှိစေရန်အလို့ဌာ
ROMဆိုတာဘာလဲ?????????
RAMဆိုတာဘာလဲ?????????
မျှဝေးပေးပါ့မယ်ခင်ဗျာ။
Random Access Memory ပါ။ မြန်မာလို တိုက်ရိုက် ဘာသာ ပြန်တော့ ကျပန်း ဝင်ရောက်နိုင်သော သိမ်းဆည်းသူပေါ့။ သို့ပေမယ့် နည်းပညာ ကျကျ ပြောရင် RAM လို အင်္ဂလိပ်လိုမှတ်တာ အကောင်းဆုံးပါပဲ။ ကျပန်းဆိုတာ ဒီလိုပါ။ ၁ ကနေ ၁၀ အထိဆီစားရင် ROM က အစဉ်လိုက်ထုတ်ပေးပါတယ်။
ဥပမာ ကွန်ပြူတာ တစ်လုံး Power On လိုက်တဲ့ အခါ Command Line ပေါ်လာမယ်။ Windows Version ဘယ်လောက်ဆိုပြီး Screen တက်လာမယ် ပြီးတော့ Home Screen အစရှိသဖြင့်တို့က ROM မှာ သိမ်းဆည်းထားတဲ့ Memory ဖြစ်ပြီး အစဉ်လိုက်ကိုထုတ်ပေးပါတယ် ဒါကြောင့် ကွန်ပြူ
တာဖွင့်ဖွင့်ချင်း Home Screen အတန်းပေါ်လို့ မရပါဘူး။ ROM မှာကိုက အစဉ်လိုက်သွားလိုက်လုပ်ပေးထားပါတယ်။ ဖျက်လို့မရဘူး လို့အကြမ်းဖျင်း မှတ်သားထား နိုင်ပါတယ်။
RAM ကျတော့ ကျော်တာ၊ခွတာလုပ်လို့ရပါတယ်။ ဆိုလိုရင်းက လုပ်ဆောင်ချက်ကို ကိုယ်လိုတဲ့ နေရာကနေ ဆွဲယူလို့ ရပါတယ်။ ဒါကြောင့် Random လို့ခေါ်တာပါ။ Data တွေကို သိမ်းတဲ့အခါ C file 
ထဲသိမ်းရင် RAM ဖြစ်ပြီး ကွန်ပြူတာ Error အကြောင်း တစ်ခု ခုရှိတဲ့ အခါ အလွယ်တကူ ပျက်နိုင်ပါတယ်။ RAM မှာသိမ်းဆည်းထားလို့ပါ။ ပြီးတော့ RAM မှာသိမ်းဆည်း ထားတဲ့ ပရိုဂရမ် တွေက အသုံးပြုရ၊ Save လုပ်ရ မြန်ဆန် ပါတယ်။ ပြီးတော့ ဘယ်နေရာ က ဘယ်လို ပရိုဂရမ် တွေကိုပဲ Run 
Run RAM ပေါ်မှာ အလုပ်လုပ်ပြီး နောက်ဆုံးမှ ဒါကို ROM မှာသိမ်းမှာလား RAM မှာ သိမ်းမှာလား ရွေးချယ်နိုင်ပါတယ်။ လွယ်လွယ်မှတ်ရင် ကွန်ပြူတာဖွင့်ပြီး အင်တာနက်သုံးပြီ၊ ဂိမ်းဆော့ပြီ၊ အလုပ်လုပ်ပြီဆိုရင် RAM က မိမိလုပ်ဆောင်ချက်များ အတွက် အလုပ်လုပ်ပေးနေရ ပြီ ဖြစ်ပါတယ်။
RAM ရည်ရွယ်ချက်
============
RAM နဲ့ ROM ရှိရာမှာ RAM ထားရတဲ့ ရည်ရွယ်ချက် သိမ်းဆည်းထားတဲ့ မှတ်ဥာဏ်တွေဆီကို အလွယ်တကူ ဝင်ရောက်နိုင်ရန်၊ အလွယ်တကူ နှင့် ယာယီ သိမ်းဆည်းနိုင်ရန်၊ ပရိုဂရမ်များကို မြန်မြန် 
Run နိုင်ရန်၊ အသုံးပြုနိုင်ရန် လို့ အလွယ်မှတ်ယူထားနိုင်ပါတယ် ။
Credit to ZTE Mobile Myanmar

Tuesday, October 13, 2015

About

Powered by Blogger.

Business

Find Us On Facebook

Social Networks

Featured Video

Breaking News

Sponsor

Flickr Images

Video Of Day

Featured Video

Popular Posts

Get Adobe Flash player