Get Adobe Flash player
Showing posts with label နည်းပညာ. Show all posts

Wednesday, October 28, 2015

thumbnail

ကလစ်​တစ်​ချက်​နှိပ်​ရုံနဲ့ ​ထောင်​မကျ​အောင်​ ကာကွယ်​နည်း

ပုံ​လေး​တွေနဲ့အရင်​ပြ​ပေးထားပါတယ်
ကြည့်​ပြီးလုပ်​လိုက်​ရုံပါပဲ...OK


ပြီးခဲ့တဲ့ရက်​ပိုင်း​လောက်​ကFacebook
နဲ့ပတ်သက်လို့ 7Day ကရေးတဲ့ "ကလစ်တစ်ချက်နှိပ်ရုံနဲ့ ထောင်ကျနိုင်သည်"(မဖတ်​ရ​သေးပါက ဒီမှာဖတ်​နိုင်​ပါတယ်​ )ဆိုတဲ့ဆောင်းပါးပါလာတဲ့နောက်ပိုင်း facebook နဲ့ပတ်သက်လို့ အန္တရာယ် ဆိုတာကြီးတွေကို တတ်နိုင်သလောက် ရှောင်ရှားနိုင်အောင် သိသလောက်လေး ရေးထားတာပါ။မိမိရဲ့ Wall ပေါ်မှာ တစ်ယောက်ယောက် ဝင်ရေးလို့မရအောင်/Tag တွဲရင် ကိုယ်ကိုယ်တိုင် ခွင့်ပြုမှ wallပေါ်ရောက်လာနိုင်မှာပါ။
1.facebook ရဲ့ ညာဘက်အပေါ်ထောင့်က menu ကို ဝင်ပါ။
2.Privacy Shortcut ကို နှိပ်ပါ။
3.More Setting ကို ဝင်ပါ။
4.Timeline and Tagging ကိုဝင်ပါ။
5.ပုံ(5)ကို ကြည့်ပါ။
who can post on your timeline ဆိုတဲ့နေရာမှာ
Friends ဆိုတာကို ရွေးထားရင် ကိုယ့်wallပေါ်မှာ သူငယ်ချင်းတွေ ရေးခွင့်/Tagတွဲခွင့်ပေးထားခြင်းဖြစ်ပြီး only me ပြောင်းလိုက်ရင်တော့ ကိုယ်ကလွဲလို့ ဘယ်သူမှ ဝင်ရေးလို့ မရတော့ပါဘူး။
only me လုပ်ထားရင် ကောင်းတာရှိသလို မွေးနေ့ဆုတောင်းလိုမျိုးရေးချင်တာတွေ ရေးမရတော့တဲ့ ဆိုးကျုးလည်းရှိပါတယ်။ဒါကြောင့်
(5) Friends ကိုပဲရွေးထားပါ။
6.Timeline Review ဆိုတာကို ON ထားလိုက်ပါ။
တစ်စုံတစ်ယောက် Tag တွဲတာ/ဝင်ရေးတာလုပ်ရင်
တောင် ကိုယ်ခွင့်ပြုချက်ပေးမှ (add on your timeline)ဆိုတာ နှိပ်မှ wallပေါ်မှာပေါ်တော့မှာ ဖြစ်ပါတယ်။
Facebook မှာ ​ပျော်​ရွှင်​စွာ သုံးစွဲနိုင်​ကြပါ​စေ

thumbnail

ကလစ်တစ်ချက်နှိပ်ရုံဖြင့် ထောင်ကျနိုင်သည်

ရန်ကုန်မြို့လယ်တစ်နေရာတွင် ဘတ်စ်ကားပေါ်၌ ဖေ့စ်ဘွတ်ခ်အသုံးပြုနေသော အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရစဉ်။ ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ဖေ့စ်ဘွတ်ခ်ပေါ်၌ ရေးသားသော ဓာတ်ပုံနှင့်စာများကြောင့် ဖမ်းဆီးတရားစွဲဆိုခံရသူများလာသည်။ (ဓာတ်ပုံ−အေအက်ဖ်ပီ)
၂၀၀၄ဖေဖော်ဝါရီတွင် ဟားဗတ် တက္ကသိုလ်ကျောင်းသား မက်ခ်ဇူ ကာဘတ်က အတန်းဖော်အချင်း ချင်းဆက် သွယ်ရန်စတင်အသုံး ပြုတီထွင်ခဲ့သော ဖေ့စ်ဘွတ်ခ် သည် ဆယ်စုနှစ်တစ်ခုကြာပြီး သည့်နောက် မြန်မာနိုင်ငံတွင် ထောင်နှုတ်ခမ်းနင်း၍ အသုံးပြုရ သောအရာတစ်ခု ဖြစ်လာတော့ သည်။

မြန်မာနိုင်ငံတွင်ဖေ့စ်ဘွတ်ခ်ပေါ်တင်သည့် ဓာတ်ပုံနှင့်စာသားကိုအကြောင်းပြု၍ ပထမဆုံးအမှုဖွင့်တိုင်ကြားမှုတစ်ခု အောက်တိုဘာ၅ရက်က စတင်ဖြစ်ပွားခဲ့သည် ။ ဆက်တိုက်ဆိုသလိုပင် ဖေ့စ်ဘွတ်ခ်ပေါ်တင်သည့် ဓာတ်ပုံနှင့်စာသားကိုအကြောင်းပြု၍ ၁၄ရက်မပြည့်မီမှာပင်အမှုဖွင့်ခံရသူ ခုနစ်ဦးအထိရှိလာခဲ့သည်။
ဖေ့စ်ဘွတ်ခ်အသုံးပြုနေသူတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ- နစ်ကီ)
ပထမဆုံး အမှုမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို စော်ကားခြင်းကြောင့်ဖြစ်ပြီးယင်းအမှုအပါအ၀င်တပ်ကိုစော်ကား ခြင်းကြောင့်အမှုဖွင့်ခံထားရသူသုံးဦးထိ ရှိနေကာသုံးဦးစလုံးမှာ ဖမ်းဆီးစစ်ဆေးခံနေရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဓာတ်ပုံကို ခြေဖြင့်နင်းထားသည့်ပုံကိုစက်တင်ဘာ ၃၀ရက်က Zaw Myo Nyunt အမည်ဖြင့်ဖေ့စ်ဘုတ်ခ်ပေါ်ဖြန့်ဝေခဲ့သူအမျိုးသားတစ်ဦးသည် အောက်တိုဘာ၆ ရက်ညတွင်မရမ်းကုန်းမြို့နယ်၌ ဖမ်းဆီးခံခဲ့ရသည်။
ဒုတိယတစ်ဦးကတော့ ထူးခြားသည်။ အဖမ်းခံရသူမှာမိန်းကလေးတစ်ဦးဖြစ်ပြီး အဖမ်းခံရသည့်နေရာမှာ တရားစခန်းတစ်ခုဖြစ်သည်။ အဖမ်းခံရသည့်အကြောင်းရင်းက အစိမ်းနုရောင် ရုံးတက်ယူနီဖောင်းအသစ်ဝတ်ဆင်ထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဓာတ်ပုံနှင့် အစိမ်းနုရောင်ထဘီဝတ်ဆင်၍ မိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို ယှဉ်တွဲဖော်ပြ ကာ ‘‘အဲ့သလောက် အမေ့ကို ချစ်ကြရင်လည်း အမေ့ထဘီစ ခေါင်းမှာပတ်ထားပါတော့လားဗျာ’’ဟုလည်းကောင်း၊ ‘‘အမေစုဝတ်တဲ့ ထဘီအရောင်ကို ကြိုက်တဲ့သူတို့ ချုပ်ဝတ်ကြလေပြီ’’ ဟုလည်းကောင်းရေးသားခဲ့ခြင်းကြောင့် ဖြစ်သည်။   
အဆိုပါ မချောစန္ဒီထွန်း(ခ) ချစ်သမီးအကောင့်ပိုင်ရှင်ကို အောက်တိုဘာ ၁၂ ရက်ကတရားစွဲဆိုခဲ့ပြီး မအူပင်မြို့တွင် အောက်တိုဘာ ၁၃ ရက်နေ့က ချက်ချင်းရုံးထုတ်ခဲ့သည်။
တတိယသားကောင်မှာ တပ်မတော်အဆင့်မြင့် အရာရှိတစ်ဦး၏ ဓာတ်ပုံကို ခြေထောက်ဖြင့်နင်းကာ ဓာတ်ပုံရိုက်၍ လူမှုကွန်ရက်ပေါ် ဖြန့်ဝေခဲ့ သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် ကချင်တိုင်းရင်းသားဦးခွန်ဂျာလီဖြစ်သည်။ ဦးခွန်ဂျာလီကို အောက်တိုဘာ ၁၄ ရက် ညပိုင်းက ရန်ကုန်မြို့လှိုင်မြို့နယ် (၁၀)ရပ်ကွက်ရှိ၎င်း၏ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များလာရောက်ခေါ်ဆောင်သွားကာ ထိန်းသိမ်းခံခဲ့ရပြီး အောက်တိုဘာ ၁၅ရက်တွင် ရမန်ယူကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး အာမခံပင်မရပေ။
‘‘ဒီပို့စ်ကို ကျွန်တော်ရှဲလ်တာ မဟုတ်ပါဘူး။ ကျွန်တော်ဘာမှ လည်းမသိပါဘူး။ ကျွန်တော့်အနေနဲ့ ကြည့်ရင်တော့ မတရားပါဘူး’’ဟု ဦးခွန်ဂျာလီက လှိုင်မြို့နယ်တရားရုံးအထွက်တွင် ပြောကြားခဲ့သည်။
သူ၏ပြောစကားမှာ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများအတွက် သတိပေးခေါင်းလောင်းသံ ဖြစ်သည်။ကိုယ်ကလစ်နှိပ်သည်ဖြစ်စေ၊ မနှိပ်သည်ဖြစ်စေ ကိုယ့်wallပေါ်တွင်ပေါ်နေသည့်အကြောင်းအရာများ အပေါ်တွင်ကိုယ်တာဝန်ယူရတော့မည့် သဘော ဖြစ်သည်။ သူ၏ ဖြစ်ရပ်အပြီးတွင်Tag တွဲခြင်း သည်းခံပါဟု သဘောဆောင်   သောပို့စ်အမြောက်အမြား ဖေ့စ်ဘွတ်ခ်တစ်ခွင်လွင့်ပျံခဲ့သည်။
ချောစန္ဒီထွန်း(ခ) ချစ်သမီးနှင့်ဦးခွန်ဂျာလီတို့နှစ်ဦး၏ အမှုများကိုပလပ်ပြီး အမြန်ဆုံးလွှတ်ပေးရန်နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP -B)က အောက်တိုဘာ၁၇ ရက်တွင် တောင်းဆိုခဲ့သည်။ AAPP-B ၏ထုတ်ပြန်ချက်တွင် အစိုးရတစ်ရပ်အနေဖြင့် တပ်မတော်အနေဖြင့် ပြည်သူတို့၏အသံကို နားစွင့်ရန်လိုအပ်ကြောင်းနှင့်သည်းခံစိတ်ရှည်သော အစိုးရတစ်ရပ်ဖြစ်အောင် ကြိုးစားပြုမူရန်လည်း လိုအပ်ကြောင်း တိုက်တွန်းထားသည်။
အောက်တိုဘာ ၁၅ရက်က ဝါရှင်တန်ဒီစီ၌ ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်  အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက ဦးခွန်ဂျာလီနှင့် မချောစန္ဒီထွန်းတို့ကိုဖမ်းဆီးခြင်းအား အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း မီဒီယာများက ဖော်ပြကြသည်။
သို့သော် အောက်တိုဘာ ၁၆ ရက် ညပိုင်းကပင်လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တွင် နာမည်တူအကောင့်အတုဖွင့်ခံရပြီး ယင်းအကောင့်တုမှ အစိုးရ အရာရှိဟောင်းများနှင့် အစိုးရ အရာရှိများအားဆဲဆိုခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ဒေါပုံမြို့နယ်တွင် နေထိုင်သည့် အသက် (၂၈) နှစ်အရွယ် ကိုလူဇော်စိုးဝင်းကို ဒေါပုံမြို့နယ်ရဲစခန်းမှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြန်သည်။ ဆင်းမ်ကတ်များ ကျပ်၁၅၀၀ဖြစ်သွားသည့်အကျိုးဆက်အဖြစ် အိမ်တွင် ကွန်ပျူတာပင်မရှိသူအများစုမှာ မိုဘိုင်းဖုန်းမှ တစ်ဆင့် ဖေ့စ်ဘွတ်ခ်ကို သုံးစွဲလာကြသည်။ သုံးစွဲသူတို့၏အလိုအရ ဖေ့စ်ဘွတ်ခ်သည်အပျင်းပြေသဘောဆောင်လာသည်။ ဖေ့စ်ဘွတ်ခ်သည် အလုပ်သဘောဆောင်လာသည်။ စွဲလမ်းလွန်းသူများအတွက် ဖေ့စ်ဘွတ်ခ်သည် မသုံးရမနေနိုင် လောက်သည့်အထိ ဖြစ်လာသည်။ စစ်အစိုးရလက်အောက်တွင် နှစ်ပေါင်း များစွာလွတ်လပ်စွာပြော ရေးဆိုခွင့်ကိုဖိနှိပ်ခံခဲ့ရသည့် လူထုအထွက်  ဖေ့စ်ဘွတ်ခ်သည် ထွက် ပေါက်တစ်ခုဖြစ်လာသည်။ ထိုမှတစ်ဖန် ဖေ့စ်ဘွတ်ခ်သည် စိတ် ထွက်ပေါက်တို့ လွန်ကျူးရာအရပ် ဒေသသဖွယ်ဖြစ်လာခဲ့သည်။ အယူအဆမတူသူတို့ကို ပျစ်ပျစ်နှစ်နှစ်ဆဲဆိုမှုမှာ မမြင်ချင်မှ အဆုံးပင်ဖြစ်သည်။ ပြင်ပတွင် လူချင်းတွေ့ရန်ခက်ခဲလှသည့် လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကောင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုလည်းကောင်း ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် မြင်မကောင်းအောင် စော်ကားမော်ကားပြုကြသည်။ အဆိုပါအခြေအနေကို အရှိန်တန့်လိုက်သည်က တပ်မတော်ဖြစ်သည်။ သူတို့ကို စော်ကားမှုများကိုသည်း မခံတော့ကြောင်း ဥပဒေကြောင်းမှ ပြသတော့သည်။
ထို့ပြင် ဖေ့စ်ဘွတ်ခ်ပေါ်တွင် သမ္မတကို အပုပ်ချသည်ဟု အထင်ရောက်စေမည့် ကဗျာစာသားတစ်ခု ရေးသားခဲ့သည့် မှော်ဘီ NLD လူငယ်တစ်ဦးကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦး ဇော်ဌေးက အောက်တိုဘာလ ၈ ရက်တွင် ပြောကြားခဲ့ပြီးနောက် အာဏာပိုင်အဖွဲ့အစည်းအချို့က နေ အိမ်သို့ လာရောက်မေးမြန်းရှာဖွေ မှုများ ပြုလုပ်ခဲ့ရာ အဆိုပါလူငယ် ကဗျာဆရာ မောင်ဆောင်းခမှာ ယနေ့အထိ တိမ်းရှောင်နေရဆဲဖြစ်သည်။
‘‘ဒီကိစ္စတွေနဲ့တရားစွဲပြီဆိုရင်တော့ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရဘူးဆိုတဲ့အတိုင်း အယုတ်အလတ်၊ ကျားမ၊ရာထူး၊ ဌာနမရွေး လူတိုင်းကို  ဆောင်ရွက်ဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘဲ သူကတော့ရာထူးရှိလို့ဆိုပြီး မျက်နှာလွှဲရင်တော့ ဒါကပြည်သူအတွက် မတရားတဲ့ ဥပဒေဖြစ်မှာပဲ’’ဟု တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်း ဒေါက်တာညိုညိုသင်းက ထောက်ပြသည်။
ဖေ့စ်ဘွတ်ခ်နှင့် ပတ်သက်ပြီး အထင်ရှားဆုံး ဥပမာမှာ ဖေ့စ် ဘွတ်ခ်ဝန်ကြီးဟုပင် နာမည်ကြီး သည့် ပြန်ကြားရေးဝန်ကြီး ဦးရဲ ထွဋ်ပင်ဖြစ်သည်။ သမ္မတ၏ ပြော ရေးဆိုခွင့်ရှိသူ၏ ဇနီးသည် ဖေ့စ် ဘွတ်ခ်ပေါ်တွင် ဒေါ်အောင်ဆန်း စုကြည်ကို သိက္ခာကျစေရန် ပြု ပြင်ထားသည့် ဓာတ်ပုံကို မျှဝေမိသဖြင့် ဦးရဲထွဋ်က ဒေါ်အောင် ဆန်းစုကြည်ကို လူချင်းတွေ့ကာ တောင်းပန်ခဲ့ရသည်။
ယခုကဲ့သို့ ဖေ့စ်ဘွတ်ခ်အမှု များပေါ်ပေါက်လာသည့်အခါ သူ ၏ ဖြစ်ရပ်ကို ပြန်တူးဆွခံနေရ သည်။
NLD ကို ဖေ့စ်ဘွတ်ခ်ပေါ်မှ ခပ်ကြမ်းကြမ်းဝေဖန်မှုများ ပြု လုပ်လေ့ရှိသည့် ပြည်ခိုင်ဖြိုးအ မတ် ဦးလှဆွေလည်း ယခုအချိန် တွင် သတိထားရတော့မည်ဖြစ် သည်။
‘‘အဟတ်ခံရတာ (တိုက် ခိုက်ခံရခြင်း)လေးခါရှိပြီ။ ကျွန် တော့်အကောင့်ကို အတုလုပ်ထား တာ ခြောက်ခုတောင်ရှိတယ်’’ဟု ဦးလှဆွေက ပြောသည်။
အစိုးရနှင့် တပ်မတော်အား စော်ကားသူများကို အမှုဖွင့်ခြင်း အား ရဲစခန်းများက လက်ခံခဲ့ပြီးနောက် အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့စ် ဘွတ်ခ်ပေါ်တွင် စော်ကားမှုများနှင့်ပတ်သက်၍အမှုဖွင့်ခြင်းများ ပေါ်ပေါက်လာပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အင်္ဂလိပ်မယား၊ ကုလားယူထား သော အမျိုးဖျက်မဟု ပုတ်ခတ် ပြောဆိုမှုပြုလုပ်ခဲ့ သော ဟိုင်းကြီးကျွန်းမှ ဆယ်အိမ်မှူးဦးသန်းဇော်ထိုက်(ခ) မုန့်လုံးကြီးကိုအသရေဖျက်မှုပုဒ်မ (၅၀၀) ဖြင့် NLD ပါတီက တရားစွဲဆိုခဲ့သည်။ဒုတိယတစ်ဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကိုဖိုတိုရှော့ဖြင့် ညစ်ညမ်းပုံဖန်တီးကာ လူမှုကွန်ရက် ပေါ်တင်ခဲ့သည့်ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို အောက်တိုဘာ ၁၇ ရက် က  ဒီချုပ်ပါတီဝင်တစ်ဦးမှ အမှုဖွင့်ခဲ့သည်။ သူသူအမည်ဖြင့် အကောင့်တွင် တင်ခဲ့ခြင်းဖြစ်ပြီး ထိုအကောင့်ပိုင်ရှင်မှာ မိမိဖြစ်သည်ဟု ဦးသန်းထွန်းက ၀န်ခံခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်တောင်းပန်ပါက ကျေ အေးပေးမည်ဟူသည့် NLD၏ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်။
‘‘ဖေ့စ်ဘွတ်ခ်ပေါ်က ကိစ္စတွေကို ဒီလိုအမှုလိုက်ဖွင့်နေတာအဖြေတစ်ခုတော့မဟုတ်ဘူး။ အမှန်ကပြည်သူကိုကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရမှာ။ ဘယ်အဆင့်ကိုကျော်ပြီး တင်တာတော့  မသင့်ဘူးဆိုတာမျိုးပေါ့’’ဟု ၂၀၀၉ က အီလက်ထရွန်နစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဖြင့် ထောင် ၁၅နှစ်ချမှတ်ခံခဲ့ရသူမလှလှဝင်း(၂၀၁၃တွင်သမ္မတလွတ်ငြိမ်းဖြင့် ပြန်လွတ်လာ)ကပြောသည်။
သို့သော် ဖေ့စ်ဘွတ်ခ်ပေါ်မှ ဖော်ပြမှုများကို အရေးယူနိုင် သည့် ဥပဒေနှစ်ခုအထိပင် ရှိနေ သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့သည့် အီလက်ထရွန်နစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေနှင့် ဦးသိန်းစိန်လက်မှတ်ရေးထိုးပြဋ္ဌာန်းထား သောဆက်သွယ်ရေးဥပဒေတို့ဖြစ် သည်။
7daydaily

Tuesday, October 27, 2015

thumbnail

အွန်လိုင်းမှာ ကိုယ်ရေး အချက်အလက် လုံခြုံရေး အချက်ငါးချက်

 
ဟိန်းထက် 

ကိုယ်သာ သိသင့်သော ကိုယ်ရေးသတင်း အချက် အလက် များကို အွန်လိုင်းစပိုင်များ၊ အွန်လိုင်းစောရများ ရန်မှ ကာကွယ်ဖို့ နောက်မကျပါစေနဲ့။ 
 
၁။ ဖောက်ဖို့ခက်သည့် Password တွေ ပေးမယ့်နေရာ 

အွန်လိုင်းစောရတွေ ဖောက်ရခက်သည့် Password မျိုး အသင့် အလိုရှိပါသလား။ Norton Password Generator ကို အသုံးပြုကြည့်ပါ။ Norton ၏ ၀က်ဘ်ဆိုက်ကို သွားကြည့်ပြီး ဖောက်ရ အခက်ဆုံးဆိုသည့် Password များ တောင်းယူနိုင်သည်။ ရလာသည့် Passwordကို စာတစ်ရွက်မှာ သေချာ ရေးမှတ်ပြီး လုံခြုံရာမှာ သိမ်းထားဖို့တော့ လိုမည်။ အေဘီစီဒီအတွဲ အစပ် အမျိုးမျိုး၊ စကားလုံး အကြီးအသေး အဖုံဖုံ၊ အခြား ကိန်းဂဏန်းနှင့် လက္ခဏာ မျိုးစုံကို ပေါင်းစပ်ထားသည့် Password မျိုး Norton က ထုတ်ပေးလိမ့်မည်။ ကိုယ်တိုင် စဉ်းစား တွဲစပ်လျှင်ပင် ထိုမျှ များများစုံစုံ တွဲစပ်ဖြစ်မည် မဟုတ်ကြောင်း ရလာသည့် Password ကို ကြည့်ရုံနဲ့ သိလာလိမ့်မည်။ အသုံးပြုချင် သူများ အနေဖြင့် www.identitysafe.no rton.com/password-generator တွင် Password တောင်းယူနိုင် သည်။


၂။ ကိုယ်ပိုင် ဒစ်ဂျစ်တယ် ဘဏ်တိုက် 

Dashlane ဆိုသော ၀န်ဆောင်မှုတစ်ခု အကြောင်း ပြောလိုသည်။ Dashlane သည် Password များကို မှတ်တမ်း တင် သိမ်းပေးထားသော ၀န်ဆောင်မှုဖြစ်သည်။ ထို့အပြင် ဒစ်ဂျစ်တယ် ပိုက်ဆံ (Digital Wallet) အဖြစ်လည်း အသုံးပြုနိုင်သည်။ အွန်လိုင်းစောရများ ဖောက်ဖို့ အလွန်ခက်သည့် Password များကိုလည်း ဖန်တီးပေးနိုင် သလို၊ သုံးစွဲသူက ထို Password များကို ကိုယ်တိုင် ဖြည့်စရာ မလိုဘဲ Dashlane က အလိုလျောက် ဖြည့်ပေးမည့် ၀န်ဆောင်မှုလည်း ရှိသည်။ ၀က်ဘ်ဆိုက်များ၊ လူမှုကွန်ရက်များနှင့် အမျိုးမျိုးသော အွန်လိုင်း ၀န်ဆောင်မှုများ အတွက် Password အမျိုးမျိုး သုံးစွဲ နေရသူများ အနေဖြင့် Password မေ့တတ်သည့် ပြဿနာရှိရာ Dashlane က သက်ဆိုင်ရာ ၀န်ဆောင်မှုအလိုက် Password များကို မှတ်ထားကာ အလိုလျောက် ဖြည့်သွင်းပေးခြင်းဖြင့် Password မေ့၍ ၀င်မရသည့် ပြဿနာကို ပြေလည်စေမည်။ Dashlane ကိုဝင်သည့် Password တစ်ခုတည်းကို မှတ်ထားရုံဖြင့် ကျန် Password များကို Dashlane က အလိုလျောက် ဖြည့်ပေးသွား မည်ဖြစ်သည်။ www.dashlane.com တွင် ၀င်ရောက်ကြည့်ရှု နိုင်သည်။


၃။ အစွမ်းလည်းထက် အခမဲ့လည်းရမည့် ဗိုင်းရပ်စ် ကာကွယ်ရေးဆော့ဖ်ဝဲ 

AVG က ထုတ်လုပ်သည့် ဗိုင်းရပ်စ် ကာကွယ်ရေး ဆော့ဖ်ဝဲသည် သူလျှို ဆော့ဖ်ဝဲ၊ အဖျက် ဆော့ဖ်ဝဲ၊ ဗိုင်းရပ်စ် စသည့် တို့ကို အပြည့်အ၀ ကာကွယ်ပေးနိုင်စွမ်း ရှိသည်။ ကမ္ဘာ့ သြဇာကြီး နည်းပညာ သတင်းမီဒီယာများ ဖြစ်သော PC Magazine ၊ CNET စသည်တို့ ကလည်း AVG ကို အခမဲ့ရ နိုင်သည့် အကောင်းဆုံး ဗိုင်းရပ်စ် ကာကွယ်ရေး ဆော့ဖ်ဝဲအဖြစ် အသိအမှတ်ပြုထားကြသည်။ ဖုန်းထဲလည်း ထည့်ထားနိုင်ပြီး ဖုန်းခိုးခံရခြင်းကို ကာကွယ် ပေးမည့် စနစ်လည်း ပါဝင်သဖြင့် ယနေ့လို လူများစုကြီး ဖုန်းကိုင်နေသော ခေတ်တွင်များစွာ အသုံးဝင် မည် ဖြစ်သည်။ www.free. avg.com တွင် ၀င်ရောက်ကြည့်ရှုကာ အသုံးပြုနိုင်သည်။


၎။ ကိုယ်ရေး အချက်အလက် လုံခြုံရေး 

သုံးစွဲသူ တစ်ဦးချင်းအလိုက် အံဝင်ခွင်ကျသော ၀န်ဆောင်မှုမျိုး ပေးနိုင်စေရန် ဖုန်းအပလီကေးရှင်းများသည် သုံးစွဲသူ၏ တည်နေရာ၊ ဖုန်းခေါ် ဆိုမှု၊ ဖုန်းထဲက အဆက်အသွယ် လူများ စာရင်းစသည်တို့ကို ယူငင် အသုံးပြု တတ်ကြသည်။ ထိုသို့ လုပ်ခြင်းဖြင့် သက်ဆိုင်ရာ အပလီကေးရှင်းကို သုံးစွဲ သူ တစ်ဦးချင်း အတွက် ပို၍ အံဝင် ခွင်ကျသော ၀န်ဆောင်မှုမျိုးဖြစ်လာ သော်လည်း တစ်ဖက်မှ ကြည့်လျှင်ကား သုံးစွဲသူများ၏ ကိုယ်ရေး အချက် အလက် များ ခိုးယူခံရမည့် အန္တရာယ်လည်း ရှိနေပြန်သည်။ MyPermissions က ထိုပြဿနာကို ဖြေရှင်း ပေးနိုင်စွမ်း ရှိသည်။ မည်သည့် အပလီကေးရှင်းများက ကိုယ့် တည်နေရာ၊ ဖုန်းခေါ်ဆိုမှု၊ ဖုန်းထဲက လူစာရင်းနှင့် အမျိုးမျိုးသော အချက်အလက်များကို ယူငင် သုံးစွဲနေသည်ကို MyPermissions က ပြပေးမည် ဖြစ်သည်။ ထိုအခါ မည်သည့် အပလီကေးရှင်းကို မည်မျှထိ ယူငင် သုံးစွဲခွင့်ပေးမည်ကို MyPermissions မှ တစ်ဆင့် သတ်မှတ်ပေးနိုင်သည်။ ကိုယ်ရေး အချက်အလက်များကို ၀င်ရောက် ကြည့်ရှုခွင့်မပေးလိုသော အပလီကေးရှင်းများ ကိုလည်း ပိတ်လိုက ပိတ်ပစ်နိုင်မည်ဖြစ်သည်။ www.mypermis-sions.com တွင် ၀င်ရောက်ကြည့်ရှုနိုင်သည်။


၅။ ကြော်ငြာတွေ မျက်စိနောက်ရင် 

ဝက်ဘ်ဆိုက်များမှာ သာမက ဖုန်းအပလီကေးရှင်း များမှာပါ ကြော်ငြာများ ပါလာ နေပြီ။ ကြော်ငြာများသည် မျက်စိ လည်း နောက်သလို ကိုယ်ရေး အချက်အလက် လုံခြုံရေး အတွက်လည်း အန္တရာယ်ရှိသည်။ ကြော်ငြာများသည် သုံးစွဲသူ တစ်ဦးချင်းစီ၏ အင်တာနက် အသုံးပြုမှု ရာဇ၀င်ကို မှတ်တမ်း တင်နိုင်စွမ်းရှိ သလို၊ တည်နေရာ အပါအ၀င် အမျိုးမျိုးသော ပုဂ်္ဂိုလ်ရေး အချက်အလက်များကိုပါ မှတ်တမ်းတင်နိုင်စွမ်း ရှိရာ ပုဂ်္ဂိုလ်ရေး လွတ်လပ်ခွင့် ကိုပါ ထိပါး လာနိုင်သည်။ ထိုပြဿနာကို Adblock Plus က ဖြေရှင်းပေး နိုင်စွမ်းရှိသည်။ ကွန်ပျူတာမှာရော စမတ်ဖုန်းမှာပါ အင်တာနက် သုံးရင်း၊ အပလီကေးရှင်းများ သုံးရင်း တက်လာနေသည့် ကြော်ငြာများ လုံးဝတက်မလာတော့အောင် Adblock Plus က ကူညီပေးနိုင်သည်။ www.adblo-ckplus.org တွင် အသေးစိတ် ၀င်ရောက် ကြည့်ရှုနိုင်သည်။


Password အတို အရှည်က စကားပြောသည် 

ဟက်ကာများသည် အလိုလျောက် Password ဖြည့်သွင်းသည့် ဆော့ဖ်ဝဲများ သုံးကာ ၀က်ဘ်ဆိုက်များ၊ အပလီကေးရှင်း များသို့ ၀င်ရောက် ကြသည်။ သို့ဖြစ်ရာ Password က အလုံးများလေ၊ အမျိုးစုံလေ Password အမှန်ရအောင် ထည့်ဖို့ ဟက်ကာ ဆော့ဖ်ဝဲတွေ အချိန်ပိုယူရလေ ဖြစ်သည်။ ကိုယ့် Password က ရှည်လေ၊ ရှုပ်ထွေးလေ လုံခြုံလေဟု ယေဘုယျ မှတ်ယူနိုင်သည်။ Password အတိုအရှည်ကို လိုက်ပြီး ဟက်ကာ ဆော့ဖ်ဝဲတွေ ဖောက်ဖို့ယူရသည့် အချိန်ကို အောက်တွင် နှိုင်းယှဉ်ဖော်ပြပါမည်။


စာလုံး (၆) လုံးပါ Password ကို ဖောက်ဖို့ (၂ ) စက္ကန့်သာ အချိန်ယူရသည်။

စာလုံး (၈) လုံး = (၅ ဒသမ ၅) နာရီ

စာလုံး (၁၀) လုံး = (၅ ဒသမ ၄) နှစ်

စာလုံး (၁၂) လုံး = နှစ်ပေါင်း (၄၈၀၀၀)

စာလုံး (၂၀) = နှစ်ပေါင်း (၃၂၄) ဘီလီယံ


(Source: Choice magazine Mar/Apr 2014)

Ref: 5 online privacy tools you should use (rdasia.com)
 
The Messenger

thumbnail

ကွန်ပျူတာ နှေးကွေးလာခြင်းပြဿနာများ နှင့် ဖြေရှင်းနည်းများ


ကွန်ပျူတာ နှေးကွေးလာခြင်းပြဿနာများ နှင့် ဖြေရှင်းနည်းများ


1.သင့်ကွန်ပျူတာစနစ်သည် အသုံးပြုသော စက်လည်းပတ်စေသော ပရိုဂရမ်းများ (op erating system) ၀င်းဒိုးမှုကွဲအလိုက် လိုအပ်သောမှတ်ဥာဏ် (RAM) ပမာဏ အနည်း ဆုံး လိုအပ်ချက်ဖြင့် အလုပ်လုပ်နေပါသလား။ အသုံးချ ပရိုဂရမ်းများ (Application so ftware) အတွက်မှတ်ဥာဏ် (RAM) ကို နှစ်ဆ အနည်းဆုံးတိုးလိုက်ပါ။ များလေ ကောင်းလေပါ။


2.သင့်ကွန်ပျူတာစနစ်တွင် တပ်ဆင်ထားသော ဓာတ်ပြားအမာ (Hard drive) သည် ဆံ့အား ပမဏ (GB) ငယ်ပြီး လည်ပတ်နှုံး (RAM) နည်းနေသော အမျိုးအစားဖြစ်နေ လျှင် ပိုမြန်သော၊ ဆံ့အားပမဏ ကြီးသောဓာတ်ပြား အမာကိုလေ့လာပါ။ ဓာတ်ပြားပမာ ဏ (Hard disk) ၏ ဆံ့အားပမာဏ ၃၀ ခန့် လွတ်နေသော အသုံးမပြုရသေးသည့် ပ မာဏ ကျန်နေသင့်ပါသည်။ လည်းကောင်းထက် နည်းလေး ကွန်ပျူတာ၏ လုပ်ဆောင် မှု ပိုးပြီး နှေးကွေးလေ ဖြစ်ပါလိမ့်မည်။ မလိုအပ်သော ဒေတာဖိုင်တို့ကို ဖျက်ပစ်ပါ။ ယာ ယီ ဖိုင်းများ (*TMP) များကို ဖျက်ပစ်လိုက်ပါ။


3.သင့်ကွန်ပျူတာစနစ်၏ ပြစက်မှန်ပြင်ပေါ်မှာ ၀င်းဒိုးဒေတာ၏ icons များနေပါက (ပရို ဂရမ်းဒေတာ) အိုင်ကွန်း (icons) တို့ကို ဖျက်ပစ်ပါ။


၎။ သင့်ကွန်ပျုတာစနစ် Star မီနှုးတွင် လုံးဝမသုံးဖြစ်သော၊ ပရိုဂရမ်းများကို control panel မှ addorRemove program Applet အသုံးပြုပြီး ဖြုတ်ပစ်ပါ။


၅။ ၀င်းဒိုးစနစ်အစပြုတိုင်း အလုပ်လုပ်စေသည့် ပရိုဂရမ်များမှ အချို့သည် Startup folder ပါ ရှိနေပါသည်။ လည်းကောင်းတို့မှ မလိုအပ်သော ပရိုဂရမ်တို့ကို ဖြုတ်ပစ်ပါ။


၆။ ၀င်းဒိုး၏ Screen Saver နှင့် Wall paper တို့ကဲ့သိုသော ကွန်ပျူတာစနစ်၏ အရင်း အမြစ်ဖြစ် သောစီပီယူ၊ မှတ်ဥာဏ် (RAM) တို့သည့် ပရိုဂရမ်းများကိုဖြုတ်ပစ်ပါ။


၇။ သင့်ကွန်ပျူတာစနစ်တွင် ထည့်သွင်းထားသော်လည်း လုံးဝ အသုံးမပြုသောစာလုံး ပုံစံ (Fonts) ဖိုင်း များကိုဖျက်ပစ်ပါ။


၈။ သင့်ကွန်ပျူတာစံနစ်သည် ကွန်ယက်ဖွဲ့စနစ် (Network system) ဖြစ်ပါက၊ ကွန် ယက်ဖွဲ့စနစ် အသွင်းအပြင် အထားအသို (Network setting) နှင့် IP Address တို့ကို စစ်ဆေးပါ။


၉။ သင့်ကွန်ပျူတာစနစ်တွင် ဗိုင်းရပ်(စ်)၀င်နေလျှင် နှေးကွေးတတ်ပါတယ်။ သင့်တော် ရာ Antivirus ပရိုဂရမ်းများဖြင့် ဗိုင်းရပ်(စ်) ကို ရှင်းပစ်ပါ။


၁၀။ သင့်ကွန်ပျူတာစနစ်၏ ဓါတ်ပြားအမာ (Hard disk) တွင်နေရာလွတ်များစွာ ရှိပြီး၊ ဖိုင်းများ၏ တည်ရှိမှုသည် ပျံ့ကျဲနေလျှင် နှေးကွေးတတ်ပါသည်။ Start မီးနှုး၏ Acces sory မီးနှုးထဲမှ system Tools အောက်တွင်ပါရှိသော Defrag ပရိုဂရမ်ကို အသုံးပြုပါ။


၁၁။ သင့်ကွန်ပျူတာစနစ်တွင် နောက်ဆုံးပေါ် အသုံးချပရိုဂရမ်များ (Software) တစ်ခု ခုကိုသုံးမိပါက လိုအပ်သောစက်ကရိယာပိုင်း လိုအပ်ချက် လက်ရှိပရိုဂရမ်များဖြင့် ဆီ လျှော်ညီညွှတ်မှု မကိုက် ညီပါ က နှေးနေတတ်ပါသည်။ လည်းကောင်းအသုံး ချပရိုဂရမ် များ (Software) ကို ဖြုတ်ကြည့်ပါ။


၁၂။ သင့်ကွန်ပျူတာစနစ်တွင် အလုပ်လုပ်နေသော Dirve (ကရိယာမောင်းပရိုဂရမ် များ) အချို့ သည်မှန်ကန်ကိုက်ညီ ရန်လိုအပ်သလို၊ နောက်ဆုံးမှုကွဲ ဖြစ်သည်အထိ အဆင့်မြှင့်ရန် လိုအပ်ပါသည်။


၁၃။ ၀င်းဒိုး၏ ၀န်ဆောင်မှု ပရိုဂရမ်များ (Services) အနက်အချို့မှာ အလုပ်လုပ်နေ (Running) သော်လည်း၊ မလိုအပ်ဘဲ အပိုဖြစ်နေပါသည်။ စံနစ်တကျ နားလည်ခဲ့သော် ဖြုတ်ပစ်သင့်ပါသည်။


၁၄။ ၀င်းဒိုးစနစ်၏ ဒက်စ်တော့ပေါ်မှာ Systemtray အတွင်းမှ (icons) ပရိုဂရမ်များကို လည်းမလို အပ်လျှင်ဖြုတ်ထားပါ။


၁၅။ ၀င်းဒိုးစနစ်ပရိုဂရမ်သည် Virtual memory ကိုအသုံးပြုသည်။ Virtual memory သည် paging system ကို အသုံးပြုသည်။ လည်းကောင်း paging system မှ page size (minimum/ maximum) ပမာဏ တို့ကို တိုးမြှင့်ခြင်းဖြင့် ပိုမိုမြန်ဆန်လာပါသည်။


၁၆။ Windows ၏ System Restore လုပ်ဆောင်ချက်မှာ ဓာတ်ပြားအမာ (Hard disk) ၏ နေရာလွတ်ပမာဏ (အမြင့်ဆုံး ၁၂) ခန့်ကို ရယူပါသည်။ လည်းကောင်းကို ပိတ် ထားလျှင်ပိုမို မြန်ဆန်လာနိုင်ပါသည်။


၁၇။ Themes ပရိုဂရမ်စနစ်၏ ရုပ်ပုံများသည် လှုပ်ရှားရုပ်ပုံများဖြစ်ပြီး နေရာယူသလိုး စ နစ်၏ မှတ်ဥာဏ်၊ စီပီယူ၏ အမြန်နှုံးတို့ကို စားသုံးပစ်သဖြင့် စနစ်ကို နှေးကွေးစေပါ သည်။ လည်းကောင်းကို ဖြုတ်ခြင်းဖြင့် ပိုမိုမြန်ဆန်လာနိုင်ပါသည်။


၁၈။ သင့်ကွန်ပျူတာ စနစ်ကို အခုမဖွင့်မှီ ယခင်အကြိမ် ပိတ်ခဲ့စဉ်က စနစ်တကျ ပိတ် ခြင်းမဟုတ်ခဲ့လျှင်၊ ယခုစတင်ဖွင့်သော အချိန်တွင် စစ်ဆေးခြင်း အမျိုးမျိုး ပြုလုပ်နေသ ဖြင့်လည်း နှေးကွေးတတ်ပါသည်။


၁၉။ သင့်ကွန်ပျူတာစနစ်ကို System Property ၏ Advanced Tab ရှိ Performance Frame မှ Setting သို့ဝင်ပြီး စိတ်ကြိုက်ရွေးချယ်ပါ။


၂၀။ Run/msconfig ဖြင့် systemfiguration utility ၀င်းဒိုးပြကွက်ကို အောက်ပါ အ တိုင်း တွေ့မြင် နိုင်ပါသည်။ General Tab မှ selective startup ကို ရွေးချယ်ပြီး ok ကို နှိပ်ပါ။ စနစ်ကို ပြန်လည် အစ ပြုပါ။


PDF လေး လိုချင်တဲ့သူများ..အောက်မှာဒေါင်းယူနိုင်ပါတယ်။

လေးစားစွာဖြင့်

thumbnail

စမတ်ဖုန်း ကင်မရာကနေ ဓါတ်ပုံကောင်းများ ရိုက်ကူးနိုင်မယ့် နည်းလမ်းများ

6

စမတ်ဖုန်းတွေရဲ့ ကျေးဇူးကြောင့်ပဲ လူတိုင်းလိုလိုဟာ ကင်မရာတွေ သီးခြား ၀ယ်ယူစရာ မလိုတော့ဘဲ ဓါတ်ပုံများ ရိုက်ကူးနိုင်ပါပြီ။ စမတ်ဖုန်းတွေရဲ့ ကင်မရာတွေဟာ တစ်ဖြည်းဖြည်း ကောင်းမွန်လာနေပါတယ်။ သင့်ဖုန်းရဲ့ ကင်မရာ အရည်အသွေး သာမကဘဲ နည်းလမ်းတွေကလည်း ဓါတ်ပုံကောင်းတွေ ရရှိဖို့ အရေးကြီးပါတယ်။
Focus
ဓါတ်ပုံ တစ်ပုံ ရိုက်ကူးတော့မယ်ဆိုရင် ကင်မရာက Focus ပြုလုပ်ပါလိမ့်မယ်။ သင်ရိုက်ကူးချင်တဲ့ အရာဝတ္ထု သို့မဟုတ် လူတွေကို Focus မလုပ်ပေးထားဘူးဆိုရင် သင့်ဖုန်းရဲ့ တည်နေရာကို ချိန်ညှိပါ။ ဒါမှမဟုတ် နောက်ဆုတ်ပါ။ သင် ရိုက်ကူးချင်တဲ့ လူ သို့မဟုတ် အရာဝတ္ထုကို ဖုန်းမျက်နှာပြင်ပေါ်မှာ တို့ထိပြီးလည်း Focus လုပ်နိုင်ပါတယ်။ ဓါတ်ပုံတစ်ပုံ မရိုက်ခင်မှာ ဖုန်းမျက်နှာပြင်ကို တစ်ချက်ကြည့်ပြီး Focus လုပ်ထားတာ မှန်ကန်လားဆိုတာ စစ်ဆေးပါ။

1

Digital Zoom မပြုလုပ်ပါနဲ့
စမတ်ဖုန်းတွေရဲ့ ကင်မရာဟာ Point-and-Shoot ကင်မရာတွေနဲ့ မတူညီပါဘူး။ Point-and-Shoot ကင်မရာတွေမှာ Zoom လုပ်တဲ့အခါမှာ ပုံရိပ်ကို အကြီးချဲ့ဖို့အတွက် ရွှေ့လျားနိုင်တဲ့ Optical Zoom တွေပါရှိပါတယ်။
စမတ်ဖုန်းတွေရဲ့ ကင်မရာတွေမှာတော့ လက်နှစ်ချောင်းကို ပူးကပ်၊ ဖုန်းမျက်နှာပြင်ပေါ်မှာ တို့ထိထားပြီး ဆန့်ကားလိုက်ခြင်းဖြင့် Zoom လုပ်နိုင်ပါတယ်။ ဒါကို Digital Zoom လုပ်တယ်လို့ ခေါ်ပါတယ်။ Digital Zoom လုပ်တယ်ဆိုတာ ပုံကို Crop လုပ်လိုက်တာ ဖြစ်ပါတယ်။ Digital Zoom လုပ်ရင် ဓါတ်ပုံ အရည်အသွေး ညံ့ဖျင်းမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Digital Zoom မလုပ်ဘဲ ဖုန်းကို ရှေ့နားတိုးပြီး ရိုက်သင့်ပါတယ်။ ဒါမှမဟုတ် ဓါတ်ပုံရိုက်ပြီးမှ ပုံကို Crop လုပ်သင့်ပါတယ်။

2

Flash ကို ကျင်လည်စွာ အသုံးပြုပါ။
စမတ်ဖုန်းတွေမှာပါတဲ့ Flash ကိုဖွင့်ပြီး ဓါတ်ပုံရိုက်ရင် သဘာဝကျတဲ့ ဓါတ်ပုံကောင်းတစ်ခု ထွက်မလာဘဲ စူးရှတဲ့ အလင်းတန်းတွေ ပါတဲ့ ဓါတ်ပုံတစ်ပုံသာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ပတ်ဝန်းကျင်မှ အလင်းရောင်နဲ့သာ ဓါတ်ပုံရိုက်ကူးတာက ပိုမိုကောင်းမွန်ပါတယ်။ အလင်းရောင် အလွန်နည်းပါးတဲ့ နေရာမှာ မဖြစ်မနေ ဓါတ်ပုံရိုက်ရမယ်ဆိုရင်တော့ Flash ကို ဖွင့်ထားပြီး တစ်ခါနဲ့ ပိတ်ထားပြီး တစ်ခါ ဓါတ်ပုံရိုက်ကူးပါ။ အဲဒီဓါတ်ပုံနှစ်ခုထဲမှာမှ ပိုမိုကောင်းတဲ့ တစ်ခုကို နောက်ပိုင်းမှ ရွေးချယ်နိုင်ပါတယ်။
နောက်ထပ် နည်းတစ်ခုက တစ်သျှူးလို အဖြူရောင်အလွှာတစ်ထပ်နဲ့ Flash ကို ဖုံးအုပ်ရိုက်ကူးမယ်ဆိုရင် သင့်တင့်တဲ့ အလင်းရောင်နဲ့ ဓါတ်ပုံကောင်းတစ်ခု ရနိုင်ပါတယ်။

3

Resolution ကို စစ်ဆေးပါ။ 
Camera App အများစုမှာ Resolution တွေကို ရွေးချယ်နိုင်ပါတယ်။ Resolution နိမ့်ကျတာကို ရွေးချယ်ရင်တော့ Messenger တွေကနေ လျှင်မြန်စွာ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အမြဲတစေ သိမ်းထားမယ့် ဓါတ်ပုံကောင်းလေးတစ်ခုကို လိုချင်ရင်တော့ Resolution မြင့်မားတာကိုရွေးချယ်ပါ။

4

အနောက်ဘက် ကင်မရာကို အသုံးပြုပါ။ 
စမတ်ဖုန်းတွေရဲ့ အရှေ့ဘက်မှာ ကင်မရာတွေကို တပ်ဆင်ထားတဲ့အတွက် အခြားလူတစ်ယောက်ရဲ့ အကူအညီမလိုဘဲ မိမိကိုယ်တိုင် ဓါတ်ပုံရိုက်ကူးနိုင်တဲ့ အားသာချက်ရှိပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ထုတ်လုပ်သူတွေက အရည်အသွေး ပိုမိုမြင့်မားတဲ့ ကင်မရာကို ဖုန်းရဲ့ အနောက်ဘက်မှာ တပ်ဆင်ပေးလေ့ရှိပါတယ်။ အဲဒီအတွက် ဓါတ်ပုံကောင်းကောင်းလိုချင်ရင် အနောက်ဘက်ကင်မရာကို အသုံးပြုသင့်ပါတယ်။
နောက်ထပ် မှတ်သားစရာတစ်ခုက တက်ဘလက်တွေဟာ ဓါတ်ပုံရိုက်ကူးဖို့အတွက် အဆင်မပြေတဲ့အတွက် ထုတ်လုပ်သူတွေဟာ တက်ဘလက်တွေမှာ အရည်အသွေးနိမ့်တဲ့ ကင်မရာကိုသာ တပ်ဆင်ပေးလေ့ရှိပါတယ်။ အဲဒီအတွက် တက်ဘလက်နဲ့ ဓါတ်ပုံရိုက်မယ့် အစား ဖုန်းကို အသုံးပြုပါ။

5

Lens ကို သန့်ရှင်းပါ။ 
စမတ်ဖုန်းဟာ လူတွေသွားလေရာ ယူဆောင်သွားရတဲ့ ကိရိယာ ဖြစ်တာကြောင့် Lens မှာ ဖုန်များ ကပ်ညိနေတတ်ပါတယ်။ Lens ဟာ ညစ်ပေနေရင်တော့ ဒီဆောင်းပါးမှ အခြား နည်းလမ်းတွေကို လိုက်နာရင်တောင် ဓါတ်ပုံကောင်းတစ်ခု ထွက်လာမှာ မဟုတ်ပါဘူး။

6

စမတ်ဖုန်း ကင်မရာတွေဟာ ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာတွေ အသုံးပြုတဲ့ ကင်မရာတွေလောက် မကောင်းပေမယ့် အထက်ဖော်ပြပါ နည်းလမ်းတွေကို အသုံးချမယ်ဆိုရင်တော့ ဓါတ်ပုံကောင်းကောင်းလေးတွေ ထွက်ရှိနိုင်ပါတယ်။

Tuesday, October 20, 2015

thumbnail

အစိုးရက သုံးစွဲသူ၏ profile ကို နစ်နာအောင် ပြုလုပ်လျှင် Facebook မှ သတိပေးသွားမည်




သုံးစွဲသူ၏ account များကို နစ်နာအောင်ပြုလုပ်ရန် အစိုးရနှင့် အစိုးရနှင့်ဆက်နွယ်သူများက ပစ်မှတ်ထားလုပ်ဆောင်နေခြင်းကို တွေ့ရှိပါက သုံးစွဲသူများကို သတိပေးသွားမည် ဖြစ်ကြောင်း Facebook မှထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ဟာ အန္တရာယ်ကျရောက်နေတယ်လို့ ယုံကြည်ရတဲ့ account တွေအတွက် လုံခြုံရေးအစီအမံတွေ လုပ်ဆောင်သွားမှာပါ။ ဒါ့အပြင် တိုက်ခိုက်မှုတစ်ခုဟာ အစိုးရနဲ့ ဆက်နွယ်သူတွေ ဖြစ်နိုင်တယ်ဆိုတဲ့ သံသယရှိလာရင်လည်း သုံးစွဲသူကို သတိပေးချက် ထုတ်ပြန်ပေးမှာပါ။ အခုလို ဘာကြောင့်လုပ်ရလဲဆိုတော့ ဒီလိုတိုက်ခိုက်မှုတွေဟာ အခြားတိုက်ခိုက်မှုတွေထက် အဆင့်မြင့်ပြီး အန္တရာယ်ကြီးပါတယ်။ သုံးစွဲသူတွေအနေနဲ့ အွန်လိုင်း account များအားလုံး လုံခြုံဖို့ လိုအပ်တဲ့ အရာတွေ လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်” ဟု Facebook ၏ အကြီးအကဲ လုံခြုံရေးအရာရှိ အဲလက်စ်စတာမို့စ်က blog post ၌ ရေးသားခဲ့သည်။

အကယ်၍ အစိုးရမှ သုံးစွဲသူ၏ Facebook account အတွင်းသို့ ကျူးကျော်ဝင်ရောက်သည့် သက်သေတွေ့ရှိပါက Facebook အနေဖြင့် သတိပေးချက်ဖြင့် ဖော်ပြပေးသွားမည် ဖြစ်သည်။

Facebook အနေဖြင့် သုံးစွဲသူ၏ account မည်သည့်အတွက်ကြောင့် အစိုးရပစ်မှတ်ဖြစ်ရခြင်းကိုမူ ရှင်းလင်းသွားမည် မဟုတ်ကြောင်း စတာမို့စ်က ရေးသားခဲ့သည်။ ထို့အပြင် အဆိုပါ သတိပေးချက်သည် Facebook တစ်ခုလုံး အန္တရာယ်ကျရောက်နေခြင်းကို မဆိုလိုကြောင်း သိရသည်။

အထက်ပါကဲ့သို့ သတိပေးချက်မြင်တွေ့ရပါက သုံးစွဲသူသည် Facebook ရှိ Login Approvals အောက်ဘက်ရှိ authentication ၂ ခုကို လုပ်ဆောင်ရမည် ဖြစ်သည်။ ထိုသို့ဖြစ်ပေါ်လာလျှင် သုံးစွဲသူများသည် malware များ တိုက်ခိုက်ခံရရာတွင် ပြုလုပ်ရသကဲ့သို့ ကွန်ပျူတာစနစ်ကို ပြန်လည်တည်ဆောက်ခြင်း သို့မဟုတ် အစားထိုးသင့်ကြောင်း စတာမို့စ်က အကြံပေးခဲ့သည်။

Ref: Mashable

Credit : Internetnewsjounrnal

thumbnail

Facebook မှာ အဆက်ဟောင်းနဲ့ အမှတ်တရ ဇာတ်လမ်းတွေကို ဖျောက်ထားနည်း


Facebook ရဲ့ News feed က ‘On This Day’ ဆိုတဲ့ အတိတ်ကနေ့ ရက်တွေကို ပြန်ဖော်ပေးတဲ့ feature ကြောင့် သင့်ရဲ့ပျော်ရွှင်ဖွယ်ရာ အတိတ်ဖြစ်ရပ်လေးတွေကို ပြန်ပြောင်းအောက်မေ့စေနိုင်ပါတယ်။အခုအချိန်မှာ သင်စိတ်ညစ်နေရရင်တောင် အရင်က မွေးနေ့ ၊အားလပ်ရက်နေ့ ဒါမှမဟုတ် တက္ကသိုလ် ကျောင်းပွဲတွေမှာ သင့်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ရွှင်ခဲ့ရတာတွေကို ပြန်မြင်ပြီး စိတ်ကြည်နူးစေနိုင်ပါတယ်။ဒါပေမယ့် တစ်ခါတစ်လေမှာ သင့်ရဲ့ပြတ်သွားတဲ့ အဆက်ဟောင်းနဲ့ အရင်နှစ်တွေက အတူပျော်နေခဲ့တဲ့ ဓာတ်ပုံတွေပြန်ပေါ်လာရင်တော့ စိတ်မချမ်းမြေ့မှုတွေ ဖြစ်ရမှာပါ။ ဒီထက်ဆိုးတာကတော့ သေဆုံးသွားပြီ ဖြစ်တဲ့ သူငယ်ချင်း၊မိသားစုဝင် တစ်ယောက်ယောက်နဲ့ ဓာတ်ပုံတွေပြန်ပေါ်လာရင်ပေါ့။

အခုအခါမှာတော့ Facebook ဟာ သင့်ရဲ့ပျော်ရွှင်စရာနေ့ ကို စိတ်ညစ်စရာမဖြစ်ရအောင်လို့ ရွေးချယ်စရာ option တစ်ခုကို ထည့်သွင်းပေးလိုက်ပါပြီ။ အခုလို အရင်အတိတ်က အမှတ်ရစရာ အတိတ်ဟောင်းတွေ ပြန်ပေါ်လာတာကို မလိုချင်သူတွေအတွက် အောက်ပါအတိုင်းလုပ်ဆောင်နိုင်ပါတယ်။
Facebook ကို ၀င်ပါ။ On This Day page ဖြစ်တဲ့ facebook.com/onthisday ကို သွားပါ။
Page ရဲ့ ကာဗာဖိုတို ညာဘက်အောက်ခြေနားက ‘Preferences’ ခလုတ်ကို ကလစ်နှိပ်ပါ။
Edit ကို ကလစ်လိုက်ရင် People နဲ့ Dates ဆိုပြီး ရွေးချယ်စရာနှစ်ခုပေါ်လာပါလိမ့်မယ်။
သင် အမှတ်တရဖြစ်မနေချင်တဲ့ လူ ဒါမှမဟုတ် ရက်စွဲတွေကို ရွေးထည့်ပေးလိုက်ပါ။
ဒီနည်းနဲ့ သင့် news feed မှာ သင် အမှတ်တရမဖြစ်ချင်တဲ့ အကြောင်းအရာပို့ စ်တွေ၊ ဓာတ်ပုံတွေကို ဖျောက်ထားနိုင်ပါတယ်။
Ref: Mirror 
Trend Myanmar

Monday, October 19, 2015

thumbnail

NLDအလံနဲ့ profileချိန်းလိုသူများအတွက်

သို့မဟုတ်​ ပုံကို​ထောက်​ပြီးလဲ သွားချိန်းနိုင်​ပါတယ်​။

About

Powered by Blogger.

Business

Find Us On Facebook

Social Networks

Featured Video

Breaking News

Sponsor

Flickr Images

Video Of Day

Featured Video

Popular Posts

Get Adobe Flash player