ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို လူမှုကွန်ယက်ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖိုတိုရှော့ဖြင့် သရော်ကာ တင်ထားသည့် Thu Thu ဟူသည့် ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်ကို ကန်ကြီးထောင့်မြို့မ ရဲစခန်းတွင် အီလက်ထရောနစ် အက်ဥပဒေဖြင့် အောက်တိုဘာ ၁၇ရက်က အမှုဖွင့်ခဲ့သည်။
မီဒီယာရှေ့မှောက်တွင် အုန်းပွဲ၊ ငှက်ပျောပွဲဖြင့် တောင်းပန်ရန် တောင်းဆိုခဲ့သော်လည်း ယင်းသို့ တောင်းပန်ရန် ငြင်းဆန်သည့်အတွက် အမှုဖွင့်ခြင်းဖြစ်သည်ဟု လာရောက်အမှုဖွင့်သည့် ကန်ကြီးထောင့်မြို့နယ်က ကိုစည်သူအောင်က မဇ္ဈိမကို ပြောသည်။
အောက်တိုဘာ ၁၃ရက်ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖေ့စ်ဘုတ်ပေါ်တွင် သရော်လှောင်ပြောင်ခဲ့၍ မအူပင်မြို့မှ ချစ်သမီးအကောင့်ပိုင်ရှင် ချောစန္ဒီ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
credit to Mizzima
Subscribe by Email
Follow Updates Articles from This Blog via Email
No Comments