Get Adobe Flash player

Friday, October 23, 2015

thumbnail

သီတင်းကျွတ်ရင် မိန်းမယူတော့မယ်

ကဲ…… သီတင်းလဲ ကျွတ်တော့မယ်နော်။ ကျွန်တော်လည်း မိန်းမယူချင်နေတာ ကြာပြီဗျ။ စိတ်ကြိုက်ဖြစ်မယ့် မိန်းမတစ်ယောက်ကိုတော့ ယူမယ်လို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော့်ရဲ့ တောင်းဆိုချက်တွေကလဲ သာမန်ပါပဲ။

ကျွန်တော်ယူမယ့်မိန်းမဟာ လူတကာကို ဆွဲဆောင်နိုင်တဲ့ အလှဘုရင်မ ဖြစ်စရာမလိုဘူး။ ကိုယ်လုံးသေးသေးသွယ်သွယ်နဲ့ ချစ်စရာ မျက်နှာရှိရင်တော်ပြီ။ ကျွန်တော်ရယ်စရာပြောရင် လိုက်ရယ်တတ်ရမယ်။

ကျွန်တော်ယူမယ့် မိန်းမရဲ့အိမ် ဘယ်လိုပုံရှိတယ်ဆိုတာ စိတ်မ၀င်စားဘူး။ အိမ်ကျယ်ရင်ပြီးရော။ မင်္ဂလာဆောင်ရင် ကုန်ကျစရိတ်ကို တစ်ဝက်စီ ကျခံမယ်။ ကျွန်တော်ယူမယ့်မိန်းမက တစ်ဝက် သူ့မိဘကတစ်ဝက်။

သူမရဲ့ကျန်းမာရေးကို ကျွန်တော်ဂရုစိုက်မယ်။ ချိုလွန်းတဲ့အစားအစာတွေ ဥပမာ ချောကလက်ကို သူမလက်ဖျားနဲ့တောင် မထိစေရဘူး။ ကျွန်တော်ပဲစားမယ်။

ထမင်းဟင်းကို သူမ ဘယ်လိုပဲချက်ချက် ကျွန်တော်စိတ်မ၀င်စားဘူး။ အရသာရှိရင် တော်ပြီ။ မြန်မာဟင်းလျာချည်းပဲ ချက်စရာမလိုဘူး။ ဒီနေ့မြန်မာစာ၊ နောက်နေ့တရုတ်စာ၊ နောက်နေ့ဂျပန်စာ၊ စသည်ဖြင့် ပြောင်းလဲချက်ချက် ရတယ်။ ဒီကိစ္စမှာ သူမကို လုံးဝ လွတ်လပ်ခွင့် ပေးထားတယ်။

အ၀တ်လျှော်ရမယ်။ မီးပူတိုက်ရမယ်လို့ သူမကို ကျွန်တော်မပြောဘူး။ ဒါပေမယ့် ကျွန်တော်ဝတ်တဲ့အ၀တ်အစား အမြဲတမ်း သန့်ရှင်းနေရမယ်။

လှဲကျင်းလျှော်ဖွပ်လို့ ပင်ပန်းလာပြီလား။ အဲဒါဆို မိန်းမကို ခဏအနားယူခိုင်းမယ်။ အမောပြေပြီဆိုမှ ကျန်တဲ့ပန်းကန် ခွက်ယောက်တွေကို ဆေးခိုင်းမယ်။

ဈေးကိုတော့အတူတူသွားမယ်။ အသွားမှာ ဈေးခြင်းတောင်းကို ကျွန်တော်ကိုင်မယ်။ အပြန်မှာ သူမဆွဲလာမယ်။

သူမရဲ့အသက်ကို ကျွန်တော်တန်ဖိုးထားမယ်။ သူ့လက်ထဲကို ပိုက်ဆံတပြားမှ မထည့်ပေးဘူး။ လူဆိုး၊ သူခိုးတွေက ပေါတယ်မှတ်လား။

ကျွန်တော့်အမိန့်ကို နာခံရမယ်လို့မပြောဘူး။ ကျွန်တော့်စကား နားထောင်ရင်တော်ပြီ။ နားမထောင်နိုင်ဘူးလား ဒါဆို နောက်တစ်ယောက်ရှာပစေပေါ့ မဟုတ်ဘူးလား။
တဒင်္ဂပြုံးပျော်ရင်း အမောပြေနိုင်ပါစေ.......

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.

Business

Find Us On Facebook

Social Networks

Featured Video

Breaking News

Sponsor

Flickr Images

Video Of Day

Featured Video

Popular Posts

Get Adobe Flash player