Get Adobe Flash player

Saturday, October 17, 2015

thumbnail

ယောကျာ်းလေးတစ်ယောက်၏ ဖွင့်ဟဝန်ခံချက်



ယောကျာ်းလေးတစ်ယောက်၏ ဖွင့်ဟဝန်ခံချက်
.
၁ - ချစ်သူအပေါ် ဆိုးချင်ပါတယ်
.
မိန်းကလေးတွေမှ မဟုတ်ပါဘူး 
ယောက်ျားလေးတွေလည်း ချစ်သုအပေါ်ကိုဆိုးချင်ပါတယ် 
စိတ်ကောက်ချင်ပါတယ် အချော့ခံချင်ပါတယ် 
ချွဲချင်ပါတယ်
.
၂ - ထိန်းချုပ်နိုင်စွမ်းရှိသူကို တောင့်တကြတယ်
.
ယောက်ျားလေး 99.99%က စည်းဖောက်ဖို့တာစူနေတဲ့သူတွေချည်းပါပဲ 
ဒါကို ချစ်သူမိန်းကလေးကထိန်းချုပ်နိုင်စေချင်တယ် 
အဲဒီလို ထိန်းချုပ်နိုင်တဲ့မိန်းကလေးမျိုးကိုပဲ ရာသက်ပန်လက်တွဲသွားချင်တယ်
.
၃ - မျှော်လင့်ကြတယ်
.
တခါတလေ အရမ်းချစ်တယ်ဆိုတဲ့စကား အပြုအမှု လေးတွေကို ချစ်သူဘက်က စ'စေချင်ကြတယ်
.
၎ - ကိုယ့်ကိုနားလည်ပေးစေချင်ကြတယ်
.
မိန်းကလေးတစ်ယောက်က စိတ်ညစ်ရင်အလွယိတကူချစ်သူကိုရင်ဖွင့်ပေမယ့် 
ယောက်ျားလေးတွေကျတော့ အဲဒီလိုမဟုတ်ပါဘူး 
ချစ်သူက မေးမှ ပြောချင်ကြတယ်

၅ - အရမ်းချစ်စေချင်ကြတယ်
.
မိန်းကလေးတွေ တွက်ချက်တာတော်ပေမယ့် 
တကယ်တန်းလောဘကြီးတာက ယောက်ျားလေးတွေပ
ချစ်သူဆီက ရှိသလောက်အချစ်တွေအားလုံးကို တစ်ယောက်တည်းသိမ်းကြုံးယူချင်တာပါ

၆ - လိုချင်တဲ့ချစ်သူဆိုတာ
.
ယောက်ျားလေးတစ်ယောက်ချစ်သူထားတယ်ဆိုတာ 
သူငယ်ချင်းလိုမျိုး တစ်ဝက်ပါနေတဲ့ချစ်သူမျိုးကို လိုချင်ကြတယ် 
ကိုယ်စိတ်ရှုပ်တဲ့အခါမျိုးမှာ ကိုယ်အားငယ်နေတဲ့အချိန်မျိုးမှာ 
သူငယ်ချင်းကောင်းတစ်ယောက်လို အားပေးတတ်တဲ့ချစ်သူမျိုးကိုလိုချင်လာတယ်

၇ - အသေးစိတ်လေးတွေကအစ ဂရုစိုက်စေချင်တယ်
.
စချစ်တဲ့နေ့ 
အဖြေပေးတဲ့နေ့ 
ပထမဦးဆုံး အနမ်းနေ့ အစစပေါ့နော် 
ချစ်သူက မှတ်ထားစေချင်တယ် 
( ဒါပေမယ့် ယောက်ျားလေး 85% ကတော့မမှတ်မိကြပါဘူး )

၈ - မာနမကြီးစေချင်ဘူး
.
ချစ်သူခြင်းကြားမှာ ငါကဘာမို့လို့ သူကဘာမို့လို့ဆိုတာမျိုး
ပညာရေး ရာထူး အစစပေါ့ စကားလုံးလေးတွေဟာ 
ချစ်သူတွေဆိုပေမယ့် ယေက်ျားလေးတစ်ယောက်ရဲ့မာနကို ပါးပါးလေးစီပွန်းပဲ့စေပါတယ်
.

၉ - စိတ်ဓာတ်ပြည့်ဝရမယ်
.
ချစ်သူတစ်ယောက်အနေနဲ့ချစ်သူစိတ်ပြည့်ဝစေချင်တယ်
လူကြားထဲစကားပြောမဆင်ခြင်တာ 
ချစ်သူခြင်းပြဿနာတချို့ကို လူအများကို ရင်ဖွင့်တာ 
ဒါမျိုးတွေ ရှောင်စေချင်တယ်

၁၀ - နားလည်ပေးစေချင်တယ်
.
ယောက်ျားလေးတွေက မိန်းကလေးတွေကို ရင့်ရင့်သီးသီးမပြောရက်ကြသလို ပြောမထွက်ကြဘူး 
တချို့ကိစ္စတွေကိုလည်း ကိုယ့်ကိုယ်ကိုယုံကြည်ပြီး ရှင်းစရာမလိုဘူးလို့တွေးတတ်တယ်

၁၁ - နေချင်တယ်
.
တခါတလေ ကလေးဆိုးလေးတစ်ယောက်လို ချစ်သူရင်ခွင်ထဲဝင်နေချင်တယ် 
ချစ်သူကထွေးပွေ့ထားတာ လိုချင်တယ် 
ဒါပေမယ့် ကိုယ့်ဘက်ကစ'မတောင်းဆိုချင်ဘူး 
ချစ်သူက အလိုက်တသိပြုမှုပေးစေချင်ကြတယ်

၁၂ - စကာနာထိုးတာမကြိုက်ဘူး
.
တနည်းအားဖြင့် ပွစိပွစိပေါ့ 
ရစ်တာလေးက ချစ်ဖို့ကောင်းပေမယ့် 
ဘောင်တခုကျော်လာတဲ့အခါ စိတ်ညစ်ရပါတယ်

၁၃ - လမ်းခွဲဖို့ လွယ်လွယ်မပြောစေချင်ဘူး
.
ပိုချစ်တယ်ဆိုတဲ့စကားပဲ ပြောစေချင်ကြတယ် 
" ထားခဲ့လည်း ချစ်နေမှာပါ " ဆိုတဲ့စကားထက် 
" မထားခဲ့ပါနဲ့နော် " ဆိုတဲ့စကားမျိုးကို လိုလားကြတယ်

နိဂုံး 
.
နူတ်ခမ်းလေးစူတဲ့ ချစ်သူမျိုးလိုချင်ပေမယ့် 
အားငယ်တဲ့အခါ အားပေးတဲ့ချစ်သူမျိုးလည်းဖြစ်စေချင်တယ် 
စိတ်ကောက်တဲ့အခါ ဖုန်းမကိုင်ပဲပစ်ထားတတ်ပေမယ့် 
စိုးရိမ်တဲ့အခါ ဖုန်းဆက်ပြီးလှမ်းမေးတတ်တဲ့ချစ်သူမျိုး 
အမြဲကောင်တေးနေပေမယ့် 
ကိုယ်စိတ်ညစ်တဲ့အခါ ပုခုံးလေးမှီနေပေးမယ့်ချစ်သူမျိုး
.
နည်းနည်းတော့လောဘကြီးတာပေါ့ 
ဒါပေမယ့် ထုတ်ဖော်မပြောတတ်ခဲ့ကြပါဘူး 
ယောက်ျားလေးမို့ဆိုတဲ့အတွေးမျိုးနဲ့ပေါ့ 
ဒီလိုနဲ့ ချစ်သူတွေဟာ အမည်မတပ်နိုင်တဲ့ပုဒ်မတွေနဲ့ 
ချစ်လျက်နဲ့ လမ်းခွဲသွားကြရတတ်လို့ပါ ။

Credit : မုံရွာသား

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.

Business

Find Us On Facebook

Social Networks

Featured Video

Breaking News

Sponsor

Flickr Images

Video Of Day

Featured Video

Popular Posts

Get Adobe Flash player