Get Adobe Flash player

Tuesday, October 20, 2015

thumbnail

မန္တလေးမှ မြစ်ကြီးနားသို့ အမြန်လမ်း ဆက်ဖောက်မည်၊

မန္တလေးမှ မြစ်ကြီးနားသို့ အမြန်လမ်း ဆက်ဖောက်မည်၊ ရန်ကုန်မှ မြစ်ကြီးနားသို့ ၁၂ နာရီအတွင်း အရောက်သွားနိုင်မည်

(ရန်ကုန်-မန္တလေးအမြန်လမ်းကဲ့သို့ မန္တလေး-မြစ်ကြီးနားကို ဧရာ
ဝတီမြစ်နှင့်အပြိုင် အဝေးပြေးအမြန်လမ်းမကြီးဖောက်မည်)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကဲ့သို့ မန္တလေးမှ မြစ်ကြီးနားကို ဧရာဝတီမြစ်နှင့်အပြိုင် အဝေးပြေးအမြန်လမ်းမကြီးတစ်ခု ဖောက်လုပ်ရန်ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် မန္တလေး - မြစ်ကြီးနားလမ်းဟောင်းက ရှိနေပြီးသားဖြစ် ပြီးပုံမှန်အားဖြင့် ၂၄ နာရီထက်မနည်းမောင်းနှင်နေရသော အဆိုပါ ခရီးလမ်းပိုင်းကို အချိန် ထက်ဝက်ကျော်လျှော့ချနိုင်ရန် ၀န်ကြီးဌာန
က ပြင်ဆင်နေခြင်းလည်းဖြစ်ကြောင်းသိရသည်။ " Express Way အမြန်လမ်းသစ်တစ်ခုထပ်ဖောက်ဖို့ ပေါ့၊ဒါကလည်းလမ်းအူကြောင်း
ကို ဧရာဝတီမြစ်ကြီးနဲ့ အပြိုင်ဖောက်ဖို့ ပြင်ဆင်ထားတယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်းကြီးလိုမျိုးပေါ့ " ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြည်မြန်မာသို့ ပြော သည်။

ယင်းအတွက် အစိုးရကဘက်ဂျက်လုံလောက်မှုမရှိသဖြင့် အာရှဖွံ့ ဖြိုးမှုဘဏ် ( ADB ) ကို တင်ပြအကူအညီတောင်းခံထား
ကြောင်း ၄င်းကဆိုသည်။

" အသစ်ဆိုရင်တော့ လမ်းအူကြောင်းက အရေးကြီးပါတယ်၊ လမ်းဟောင်းကို အဆင့်မြင့်တင်ရင်လည်း ဖြစ် 
နိုင်တာပဲ ။ ဒါပေမယ့်နည်းနည်းတော့ ခရီးထောက်တယ် " ဟု လမ်း တံတားဆောက်လုပ်ရေးလုပ်ငန်းစု Asian Square Power မှ MD ဒေါ်မီမီခင်ကသုံးသပ်ပြောကြားသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း
ကြီးနှင့်ပတ်သက်၍အများပြည်သူ၏ဝေဖန်မှုမျိုးစုံရှိခဲ့သဖြင့်ဆောက်
လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ယင်းကို သတိပြုကာ ဝေဖန်မှု နည်း
နိုင်သမျှနည်းအောင် နည်းပညာပိုင်း အထူးဂရုပြုရန်လိုကြောင်း ၄င်းက အကြံပြုပြောကြားသည်။

" ဖြစ်နိုင်ခြေကိုတော့ ကျွန်တော်
တို့ က လေ့လာပြီးပြီ ၊ ဒါတွေကရေရှည်မှာ မြန်မာနိုင်ငံရဲ့ လမ်းပန်း ဆက်သွယ်ရေးတွေ အကောင်းဘက်ရောက်လာစေဖို့ လုပ်တာပါ ၊ ရေရှည်မှာတော့ ကောင်းသွားမှာပါ " ဟု ဦးကျော်လင်းကဆိုသည်။

မန္တလေးမှ မြစ်ကြီးနားသို့ တစ်ဖြောင့်တည်းအားဖြင့် ၄၈၈ မိုင်ရှိထား
ပြီး ရန်ကုန်မှ မြစ်ကြီးနားသို့ တစ်ဖြောင့်တည်း ၉၂၀ မိုင် ရှိကြောင်း သိရကာ မြစ်ဆုံနှင့် ၂၅ မိုင်သာဝေးသော မြစ်ကြီးနားသို့ ရန်ကုန်မှ ၂၄ နာရီအတွင်းအရောက်သွားနိုင်စေတော့မည့် အဆိုပါ စီမံကိန်းမှာ မြန်မာနိုင်ငံ၏ အနာဂတ်ကုန်သွယ်ရေးအပါအ၀င်လမ်းတစ်လျှောက်
ဒေသဖွံ့ ဖြိုးရေးမှာ အဆပေါင်းများစွာ ကောင်းကျိုးရနိုင်မည်ဟု သိရသည်။ မြစ်ကြီးနားမှ နှစ်စဉ် ကျောက်မျက်ရတနာမျိုးစုံ ဒေါ်လာ နှစ်ဘီလျံကျော် ပြည်ပသို့ ထွက်ရှိနေပြီး သစ်အပါအ၀င် သဘာဝ သယံဇာတမျိုးစုံကို မြစ်ကြီးနားမှ တစ်ဆင့် တစ်နိုင်ငံလုံးကို ယင်းလမ်းသစ်ကြီးမှ ၂၄ နာရီအတွင်း မြန်ဆန်စွာစီးဆင်းလာနိုင်စေမည် 
ဟုလည်းသိရသည်။

" အန်တီကတော့ ဒီလမ်းသစ်နဲ့ ပတ်သက်ရင် သဘောကျတယ်၊ လမ်းအပြင် လမ်းပိုင်းမှာပါတဲ့တံတားတွေကိုပါ
အရည်အသွေးပိုင်း အထူးသတိပြုဖို့ ထပ်ပြီးပြောချင်တယ် " ဟု
ဒေါ်မီမီခင်က သုံးသပ်ပြောကြားသည်။

အမြန်လမ်းဖောက်လုပ်ရေးအတွက် အစိုးရဘတ်ဂျက်ကို အဓိကထားမည် မဟုတ်ဘဲ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံသူများအား BOT ပေးအပ်၍ ဆောင်ရွက်သွားမည် ဖြစ်သည်။

Credit - Kyaw Myo Min

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.

Business

Find Us On Facebook

Social Networks

Featured Video

Breaking News

Sponsor

Flickr Images

Video Of Day

Featured Video

Popular Posts

Get Adobe Flash player